အမျိုးသားလွှတ်တော်၊ပထမ ပုံမှန်အစည်းအဝေးမှ (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးသို့ ညွန်ကြားရေးမှူးချုပ်တက်ရောက်ခြင်း

၂၀၂၀ပြည့်နှစ်၊ သြဂုတ် လ၊ ၅ ရက်နေ့။

အဆိုပါအစည်းအဝေးကို အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးခန်းမတွင် နေ့ခင်း (၁:၀၀) အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ ဦးသိမ်းဆွေ နှင့်ကော်မတီဝင်များ၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေး၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။