အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူခြင်း

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ရက်နေ့၊ နေပြည်တော်(ရုံးချုပ်)

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် မိသားစုများ၏ ဝါဆိုသင်္ကန်းကပ်လှူခြင်းအားနေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ယနေ့မနက် (၁ဝ:၃၀)အချိန်၌ COVID-19 ကာကွယ်ရေး အစီအစဉ်များလိုက်နာကာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှတာဝန်ခံများ၊ အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရဟန်းသံဃာများအား ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ တရားထူးတရားမြတ်များဟောကြားနာယူခြင်းနှင့် နေ့ဆွမ်းကပ်လှူခြင်းတို့အား ကုသိုလ်ပြုလှူဒါန်းခဲ့ကြပါသည်။