The 6th Meeting of ASEAN Medical Device Technical Committe Meeting သို့တက်ရောက်ညှိနှိုင်းဆွေးနွေးခြင်း

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၃)ရက်မှ(၄)ရက်‌နေ့အထိ၊ နေပြည်တော်

(၆)ကြိမ်မြောက် အာဆီယံဒေသအတွင်း ဆေးပစ္စည်းကြီးကြပ်မှု နည်းပညာဆိုင်ရာ ကော်မတီ အစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံမှတာဝန်ယူကျင်းပခဲ့ရာ သက်ဆိုင်ရာအာဆီယံနိုင်ငံများရှိ ဆေးပစ္စည်းကြီးကြပ်ကွပ်ကဲရေး ဆောင်ရွက်လျက်ရှိသည့် တာဝန်ခံအဖွဲ့အစည်းများ Video conferencing ဖြင့်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ (၂)ရက်ကြာပြုလုပ်ခဲ့သော အစည်းအဝေးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးပစ္စည်းကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ ဆေးပစ္စည်းနှင့်အလှကုန်ဌာနခွဲမှတက်ရောက်၍ ဘေးအန္တရာယ်ဖြစ်စေနိုင်မှုအခြေအနေပေါ်မူတည်၍ အဆင့်သတ်မှတ်ခြင်းနှင့် ဆေးပစ္စည်းအမျိုးအစားများအား အခြားအဖွဲ့ဝင်နိုင်ငံများနှင့် တပြေးညီဖြစ်စေရန် သတ်မှတ်ခြင်းတို့အား ညှိနှိုင်း၍ ဆွေးနွေးခဲ့ကြပါသည်။