စားသုံးရန်မသင့်သော အစားအသောက်နှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
မြန်မာ့အလင်း ( ကြာသပတေး မေ ၁၅၊ ၂၀၁၄ )
ပြည်တွင်းသတင်းနှင့်ကြော်ငြာ
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ်စစ်ဆေးလျက် ရှိပါသည်။
စျေးကွက်များတွင်ရောင်းချလျက်ရှိသော အစားအသောက်များကို စျေးများ၊ ကျောင်းမုန့်စျေးတန်းများမှ ၀ယ်ယူစစ်ဆေးရာအောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများပါ၀င်ခြင်းကြောင့် စားသုံးရန်မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံး၀အသုံးမပြုရန်နှင့်လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
| စဉ် | အစားအသောက်အမည် | အမှတ်တံဆိပ် | ဆိုးဆေးပါဝင်မှု့ |
|---|---|---|---|
| ၁။ | ယိုစုံ(သရက်ပြား) | မီးအိမ်ရှင် | Sudan III |
| ၂။ | ယိုစုံ(သရက်ပြား) | စတိုင် | Sudan III |
| ၃။ | မုန့်ပွကြော် | ကောင်းဆက်သာ | Orange II |
| ၄။ | ငရုပ်သီးအကြမ်းမှုန့် | သွယ်သွယ်အေး | Sudan III |
| ၅။ | ငရုပ်သီးအရောင်တင်မှုန့် | သွယ်သွယ်အေး | Sudan III |
| ၆။ | ငရုပ်သီးအရောင်တင်မှုန့် | နှင်းပုလဲ | Sudan III |
| ၇။ | ငရုပ်သီးအရောင်တင်မှုန့် | သိန်းကမ္ဘာ | Rhodamine B |
| ၈။ | နနွင်းမှုန့် | နှင်းပုလဲ | Oramine O |
| ၉။ | ငပိထောင်း | အမေထား | Rhodamine B |
ကျန်းမာရေး၀န်ကြီးဌာန
