လက်လီလက်ကားရောင်းချမှုဆိုင်ရာဖိုရမ်”သို့ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော်တက်ရောက်ခြင်း

၂၀၂၀ပြည့်နှစ်၊သြဂုတ်လ ၁ရက်နေ့၊ရန်ကုန်။
ယနေ့မနက် ၉:၃၀ အချိန်တွင်လမ်းမတော်မြို့နယ်၊မင်းရဲကျော်စွာလမ်းပေါ်ရှိ UMFCCI ရုံးချုပ်တွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းတို့ပူးပေါင်း၍လက်လီ၊လက်ကားရောင်းချမှုဆိုင်ရာဖိုရမ်ကျင်းပရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် လက်လီရောင်းချမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့်စီမံချက်များကိုအကောင်အထည်ဖော်နိုင်ရေးနှင့် ကုန်စည်ဖြန့်ချိရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအကြောင်းကိုဆွေးနွေးခဲ့ကြပါသည်။