စျေးကွက်ထောက်လှမ်းစစ်ဆေးခြင်း

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးဌာနခွဲ၊ မန္တလေးသည် မိတ်ဖွဲ့အဖွဲ့အစည်းများနှင့်အတူ ၂၉-၀၇-၂၀၂၀ ရက်နေ့တွင် မန္တလေးမြို့ရှိနန်းရှေ့စျေးတွင်ရောင်းချလျက်ရှိသောအစားအသောက်နှင့်အလှကုန်များအားစျေးကွက်ထောက်လှမ်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ စားသောက်ကုန်များတွင် ခွင့်မပြုဓာတုပစ္စည်းများသုံးစွဲထားခြင်းရှိ/မရှိ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့်စစ်ဆေးခဲ့ပါသည်။ ထို့ပြင်အစားအသောက်ရောင်းချသူများကိုအစားအသောက်များတွင်အသုံးမပြုသင့်သော ဓာတုပစ္စည်းများ ခွင့်မပြုဆိုးဆေးများ အကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေ ပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။