သံတွဲမြို့၊ဒွါရာဝတီမြို့မဈေးအတွင်းရှိ အစားအသောက်နှင့်အလှကုန်များရောင်းချသည့်ဆိုင်များအားရှောင်တခင်ဆင်းစစ်ဆေးခြင်း
သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်အတူပူး ပေါင်း၍ (၂၄.၇.၂၀၂၀)ရက်နေ့တွင် သံတွဲမြို့၊ဒွါရာဝတီမြို့မဈေးအတွင်းရှိအစားအသောက်နှင့်အလှကုန်များရောင်းချသည့်ဆိုင်များတွင် FDAမှ စားသုံးရန်/သုံးစွဲရန်မသင့်ဟုကြေညာထားသော အစားအသောက်များ၊အလှကုန်များရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။