ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း

တောင်ကြီးမြို့ ၂၇.၇. ၂၀၂၀

ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ကြီးမြို့သည် တောင်ကြီးမြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ တောင်ကြီးမြို့‌ ပေါ် ရှိ ရဲဘော်စျေးတွင် ရောင်းချနေသော အစားအသောက်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်

စားသောက်ကုန် ၂၀ မျိုးတွင် ခွင့်မပြုဓါတုပစ္စည်းသုံးစွဲထားခြင်း ရှိ/မရှိ ရွေ့လျားဓါတ်ခွဲယာဉ်ပေါ်တွင် ချက်ချင်းစစ်ဆေးခဲ့ပြီး သံသယရှိဖွယ် အစားအသောက် မတွေ့ရှိပါ။

ထို့ပြင် အစားအသောက်ရောင်းချသူများကို အစားအသောက်များတွင် အသုံးမပြုသင့်သော ခွင့်မပြုဆိုးဆေး၊ ခွင့်မပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများနှင့်ပတ်သက်၍ စျေးတွင် ပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန