အများပြည်သူ စားသုံးရန်မသင့်သောအစားအသာက်များ အသိပေးကြေညာချက်

၆-၁-၂၀၀၀
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ အစားအသောက် များကို ပြည်သူလူထုစားသုံးရန် သင့်/မသင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
၂။ဈေးကွက်များတွင် အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်စသည့် အရောင်ပါသော ထိုးမုန့်၊ ကျောက်ကျောစသည့် မုန့်မျိုးစုံတို့ကို ကျယ်ပြန့်စွာ ထုတ်လုပ်/ဖြန့်ဖြူး/ရောင်းချနေကြောင်း တွေ့ရှိရသဖြင့် ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသည် ဈေးကွက်မှ နမူနာများ ကောက်ယူဓာတ်ခွဲစစ်ဆေးကြည့်ရှု့ရာ အောက်ဖော်ပြပါ တံဆိပ်များဖြင့် ထုတ်လုပ်သည့် လိမ္မော်ရောင်၊အဝါရောင်ပါရှိသော ထိုးမုန့်များသည် အစားအသောက်ခွင့်ပြုဆိုးဆေး(Permitted Food Dyes)များကို အသုံးပြု ထားခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် အများပြည်သူ စားသုံးရန်မသင့်ကြောင်း အသိပေးကြေညာအပ် ပါသည်။
(က) မော်မော်စန်းထိုးမုန့်
(ခ) မြတ်ရွှေစင်ထိုးမုန့်
(ဂ) နဝရတ်ထိုးမုန့်
(ဃ) ကြည်ရတနာထိုးမုန့်
(င) ဝေဝေချိုထိုးမုန့်
(စ) မာလာမြင့်ထိုးမုန့်
၃။အစားအသောက်လုပ်ငန်းရှင်များသည်မိမိတို့ထုတ်လုပ်/တင်သွင်း/ဖြန့်ဖြူးလိုသောအစားအသောက် များကို ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ တင်ပြစစ်ဆေးခံပြီး စားသုံးရန်သင့်တော်ကြောင်း ထောက်ခံချက်ရရှိမှသာလျှင် ထုတ်လုပ်/တင်သွင်း/ဖြန့်ဖြူး ခွင့်ရှိကြောင်း ကိုအထူးဂရုပြု လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။
၄။အစားအသောက်နှင့်ပတ်သက်၍ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့် အညီ လိုက်နာဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များအား လိုအပ်သလို အရေးယူသွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

Leave a Reply

Your email address will not be published.