ငရုတ်သီးမှုန့်၊ စိမ်းစားငါးပိ၊ ငါးပိထောင်းများနှင့်ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ရတနာပုံ ( ၈-၇-၂၀၀၉ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်း သော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေး လျက် ရှိပါသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့်မျိုးစုံ၊ စိမ်းစားငါးပိနှင့် ငါးပိထောင်းများကို ဓာတ်ခွဲစစ်ဆေးရာ အောက်ဖော်ပြပါ လုပ်ငန်းများနှင့် အမှတ်တံဆိပ်များ၌ အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အနီရောင်ဆိုးဆေး(Rhodamine B)ပါ၀င်ကြောင်း တွေ့ရှိရပါသည်။
Rhodamine B သည် ဓာတုဆိုးဆေးဖြစ်ပြီးစားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ပျို့ခြင်း၊အန်ခြင်း၊ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း၊ ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်စေခြင်းတို့ကြောင့် Rhodamine B ပါ၀င်သောအစားအသောက်များကို စားသုံးရန်မသင့်ကြောင်း အသိပေးအပ်ပါသည်။
အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြု သောဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန် နှင့့်် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပို်င် အဖွဲ့အစည်းက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။
အစားအသောက်တွင်သုံးရန်ခွင့်မပြုသည့် ဆိုးဆေး Rhodamine Bပါ၀င်သောငရုတ်သီးမှုန့်၊စိမ်းစားငါးပိနှင့် ငါးပိထောင်းအမှတ်တံဆိပ်များ
(က)ငရုတ်သီးမှုန့်အမျိုးမျိုး
စဉ် | အစားအသောက်အမည် | အမှတ်တံဆိပ်/လုပ်ငန်း |
---|---|---|
၁။ | ငရုတ်သီးအကြမ်းမှုန့် | ဆိုင်အမှတ် ၃၁၊ပန်းတန်းရုံသစ်၊ဈေးချို၊ မန္တလေးမြို့။ |
၂။ | ငရုတ်သီးအရောင်တင်မှုန့် | ရွှေငြုပ်မြိုင် ကိုင်းတန်းဈေး၊ မန္တလေးမြို့။ |
၃။ | ငရုတ်သီးအရောင်တင်မှုန့် | ရသာမွန် ကိုင်းတန်းဈေး၊ မန္တလေးမြို့။ |
၄။ | ငရုတ်သီးအရောင်တင်မှုန့် | မမျိုး ကိုင်းတန်းဈေး၊ မန္တလေးမြို့။ |
(ခ)စိမ်းစားငါးပိများ
စဉ် | အစားအသောက်အမည် | အမှတ်တံဆိပ်/လုပ်ငန်း |
---|---|---|
၁။ | စိမ်းစားငါးပိ | မမျိုး ကိုင်းတန်းဈေး၊ မန္တလေးမြို့။ |
၂။ | စိမ်းစားငါးပိ | နုဝါဖူး |
၃။ | ဘိတ်ပုစွန်ငါးပိ ရှယ် ပုစွန်ငါးပိအကောင်းစား မြိတ်ငါးပိ အဖြူနောက်မီးစငါးပိ |
ရွှေပုစွန်နီညီနောင် ဆိုင်အမှတ် ၆၄၊၆၅၊၆၆၊၆၇၊ ၁၀၄၊ ၁၀၅၊ ၁/၂/၃ရုံသစ်၊ ဈေးချို၊ မန္တလေးမြို့။ |
၄။ | အဆင့်မြင့် ပုစွန်ငါးပိ | ဧရာရှယ် ဆိုင်အမှတ် ၄၂၊၅၀၊၅၈၊ ၂၈-၂၉လမ်းကြား၊၈ရလမ်း၊ ကိုင်းတန်းဈေး၊ မန္တလေးမြို့။ |
၅။ | ရှယ် ပုစွန်ငါးပိ | ကောင်းသန့် ဈေးချို၊ မန္တလေးမြို့။ဖုန်း- ၀၂-၆၈၇၃၇ |
၆။ | အကောင်းစား ပုစွန်ငါးပိ | တံခွန် ဆိုင်အမှတ် ၂၃-၃၁၊မြေညီထပ်၊ပင်မကိုင်းတန်းဈေး၊ မန္တလေးမြို့။ |
၇။ | ပုစွန်ငါးပိအကောင်းစား | ပုစွန်သုံးကောင် ဆိုင်အမှတ် က-၅၊ ပင်မကို်င်းတန်းဈေး၊ ဈေးချို၊ ပထမထပ်၊မန္တလေးမြို့။ |
၈။ | ပုစွန်ငါးပိ | မြတံဆိပ်(အဝါ/အနီ/အစိမ်း) ဆိုင်အမှတ်(၆/၇)၊၁၂၃ရုံအနောက်ဘက်၊ဈေးချို၊၊မန္တလေးမြို့။ |
၉။ | စိမ်းစားငါးပိ | ၀င်း ဈေးချိုရုံသစ်၊မန္တလေးမြို့။ |
၁၀။ | ရှယ်ဘိတ် ပုစွန်ငါးပိ | ရွှေပုစွန် အမှတ် ၉၈၊ ၁-၂-၃ရုံသစ်၊ဈေးချို ၊မန္တလေးမြို့။ |
၁၁။ | စိမ်းစားငါးပိ | ရွှေဆင်မင်း ကိုင်းတန်းဈေး၊ မန္တလေးမြို့။ |
၁၂။ | အဆင့်မြင့် စိမ်းစားငါးပိ | ကင်းမွန် မင်္ဂင်္လာဈေးအတွင်း၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ |
၁၃။ | အဆင့်မြင့် ပုစွန်ငါးပိ | ရွှေဝါ စစ်တပ်ဈေး၊မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။ ဖုန်း-၀၉-၂၀-၃၃၁၂၈ |
၁၄။ | စပါယ်ရှယ် ပုစွန်ငါးပိ | ဖြိုးဟိန်းရှယ် ဆို်င်အမှတ် ၁၂၊ ၁၁၆၊ ၁၁၇၊ ၁-၂-၃ရုံသစ်၊ဈေးချို၊ ၊မန္တလေးမြို့။ |
၁၅။ | ပုစွန်ငါးပိနှင့် ဘိတ်ချို(ငပိ) | ထိပ်တန်း ဆိုင်အမှတ် [၃/၃/(ခ)] ၊ ရရုံမြောက်ထိပ်၊ဈေးချို၊၊မန္တလေးမြို့။ |
၁၆။ | ရွှေဘိုငါးပိ | OK ဖိုးချစ် ငါးပိ၊ ငံပြာရည်၊ ရေကျိုငါးပိမျိုးစုံရောင်းဝယ်ရေး ဆိုင်အမှတ် (က)ရုံ၊ ရ၂-၄၃၊(က၊ခ)ရုံ၊၉-၁၁၊၂၈လမ်း၊၈၆-၈ရလမ်းကြား၊ဈေးချို၊ မန္တလေးမြို့။ |
၁၇။ | မျှင်ငါးပိ | ဒေါ်တင်တင်လှ ကိုင်းတန်းဈေး၊ မန္တလေးမြို့။ |
၁၈။ | ငါးပိ | ရွှေဘိုပွဲရုံ ငါးပိ၊ငံပြာရည်ရောင်းဝယ်ရေး အမှတ် ၂၃၆၊၀ါးတန်းရပ်၊ ၂၉-၃၀လမ်းကြား၊၈၅-၈၆လမ်းကြား၊ ရွှေတချောင်းမြောင်းအရှေ့ဘက်လမ်း၊ မန္တလေးမြို့။ |
၁၉။ | စိမ်းစားငါးပိ | ဖြိုးဟိန်း အပြာရောင်ထုပ်၊အဝါရောင်ထုပ် ဆိုင်အမှတ် ၁၂၊၁ နံပါတ် ရုံသစ်၊ဈေးချို ၊မန္တလေးမြို့။ |
၂၀။ | ပုစွန်ငါးပိ | ၀င်း အဆင့်မြင့် ပုစွန်ငါးပိရောင်းဝယ်ရေး ဆိုင်အမှတ် ၄၂၊၄၃၊၄၄၊၂၈၊၂၉၊ ၁နံပါတ်ရုံသစ်၊၂၈-၈၅လမ်းထောင့်၊ ဈေးချို ၊မန္တလေးမြို့။ |
(ဂ)ငါးပိထောင်းများ
၁။ | ပုစွန်ငါးပိထောင်း | ရှယ် ဈေးချို၊ မန္တလေးမြို့။ |
၂။ | ပုစွန်ငါးပိထောင်း | မိုးတိမ်လွှာ ၂၈လမ်း၊ ၈၅-၈၆လမ်းကြား၊ပွဲရုံတန်း၊ မန္တလေးမြို့။ |
၃။ | ပုစွန်ငါးပိထောင်း | စုလေး၊ ပဲခူး မင်္ဂလာဈေးအပြင်တန်း၊ မန္တလေးမြို့။ |
၄။ | ငါးပိထောင်း | လှိုင်ဖြိုး ၀င်းငါးပိရောင်းဝယ်ရေး၊ဈေးချို၊ မန္တလေးမြို့။ |
ကျန်းမာရေးဝန်ကြီးဌာန