တိုင်းရင်းဆေးပညာရှင်များအဖွဲ့နှင့် တွေ့ဆုံပွဲသို့ ညွန်ကြားရေးမှူးချုပ် တက်ရောက်ခြင်း
၂၀၂၀ပြည့်နှစ်၊ ဇူလိုင် လ၊ ၂၃ ရက်။ နေပြည်တော်။
အဆိုပါတွေ့ဆုံပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) ၊ အစည်းအဝေးခန်းမ၌ နံနက် (၉:၀၀) အချိန်တွင် Video Confrencing ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊တိုင်းရင်းဆေးပညာဦးစီးဌာန (ပူးတွဲတာဝန်) ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဦးစီးဌာန များမှ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ တိုင်းရင်းဆေးပညာအကြံပေးပညာရှင်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် video conferencing ဖြင့်တွေ့ဆုံ၍ တိုင်းရင်းဆေးပညာ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် လမ်းညွန်မူပြုခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း ကြုံတွေ့နေရသော အခြေအနေများအပေါ် လမ်းညွန်မူများပြုလုပ်ပေးနိုင်ပါရန် တင်ပြခဲ့ကြပါသည်။