ဆေးဆိုင်များပုံမှန်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ဟားခါး ဇူလိုင်် ၂၃

ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာဝန်ရှိသူများသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ (၂၃၊ ၇၊ ၂၀၂၀) ရက်နေ့တွင် ဟားခါးမြို့ပေါ်ရှိ ဆေးဆိုင် (၇) ဆိုင်ကိုကွင်းဆင်းစစ်ဆေး၍ ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ် နှင့်အညီရောင်းချမှုရှိစေရေးဆောင်ရွက်ခဲ့ပါသည်။