အချိုရည်နှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်
ကြေးမုံသတင်းစာ စာမျက်နှာ ၃ ( ၁၁-၈-၂၀၀၅ )
၁။ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး အန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန်နှင့် အစားအသောက် များ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂။အစားအသောက်(အချိုရည်) များ၏ အရည်အသွေးစီစစ်ဆောင်ရွက်ရာတွင်နမူနာ များကို ဈေးကွက်မှ ပုံမှန်ဝယ်ယူ စစ်ဆေးခြင်းမှာ ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် တစ်ရပ်အနေနှင့်ပါ၀င်ပါသည်။
၃။ဈေးကွက်များတွင် အချိုရည်နမူနာများကို ၀ယ်ယူစီစစ်ရာ အောက်ဖော်ပြပါ အချိုရည်များမှာ ကျန်းမာရေးဦးစီးဌာန၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ် ရရှိထားခြင်းမရှိသည့်အပြင် ဓာတ်ခွဲစစ်ဆေးချက်အရ စားသုံးရန်မသင့်သော အချိုရည်များဖြစ်ကြောင်း အသိပေး အပ်ပါသည်။
| စဉ် | အမှတ်တံဆိပ် | ကုမ္ပဏီအမည် | လိပ်စာ |
|---|---|---|---|
| ၁။ | Lucky | Fruits World Product Co.,Ltd | Yangon,Myanmar |
| ၂။ | Hello | (ဖော်ပြထားခြင်းမရှိပါ) | Shwe Pyi Thar Industrial Zone |
| ၃။ | Happy | Happy Production | Yangon,Myanmar |
| ၄။ | SOLO(Zest) | Aung Kaung Myat Co.,Ltd | (ဖော်ပြထားခြင်းမရှိပါ) |
၄။ ကျန်းမာရေးဦးစီးဌာန၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားသော အစား အသောက်(အချိုရည်)များမှာ အရည်အသွေးအာမခံချက်ရှိပြီးအန္တရာယ်ကင်း စင်ကြောင်း ဖော်ပြ အပ်ပါသည်။
၅။ကျန်းမာရေးဦးစီးဌာန၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ် ရရှိခြင်းမရှိသေးဘဲ အစားအသောက်(အချိုရည်) များ ထုတ်လုပ်ခြင်းမပြုလုပ်ရန်နှင့်ဖော်ထုတ်တွေ့ရှိ ပါက တည်ဆဲဥပဒေ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
