ဆီစက်လုပ်ငန်းရှင်များအသင်း နှင့် တွေ့ဆုံပွဲသို့ ညွန်ကြားရေးမှူးချုပ်တက်ရောက်

၂၀၂၀ပြည့်နှစ်၊ ဇူလိုင် လ၊ ၂၃ ရက်။ နေပြည်တော်။

အဆိုပါတွေ့ဆုံပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ ၌ မွန်းလွဲ (၂:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဆီစက်လုပ်ငန်းရှင်များ မှ ကြုံတွေ့နေရသော အခက်အခဲများတင်ပြလာမှအပေါ် ဆွေးနွေးလမ်းညွန်မူပြုခဲ့ပါသည်။