စားသုံးဆီများနှင့် ပတ်သတ်၍ အများပြည်သူသိရှိစေရန် အသိပေးနှိုးဆော်ချက်

ကြေးမုံသတင်းစာ စာမျက်နှာ ၁၁ ( ၁၂-၇-၂၀၀၇ )
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန်နှင့် အစား အသောက်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ရန်ကုန်မြို့ ဈေးကွက်မှ ၀ယ်ယူစီစစ်ခဲ့သော စားသုံးဆီနမူနာများအနက် အောက်ဖော်ပြပါ စားသုံးဆီများသည် အမှတ်တံဆိပ်ဖော်ပြချက်နှင့် ကိုက်ညီမှု့မရှိဘဲ စားအုန်းဆီရောနှော ထားသဖြင့်စစ်မှန်မှု့မရှိပါကြောင်း အသိပေးအပ်ပါသည်။

စဉ် စားသုံးဆီအမျိုးအစား နှင့် အမှတ်တံဆိပ် ဆိုင်အမည် နှင့်လိပ်စာ
၁။ အောင်အမှတ်တံဆိပ် မြေပဲဆီ အမှတ်(၆၄)(၂၄၆)
သိမ်ကြီးဈေး
၂။ NOBLEအမှတ်တံဆိပ် မြေပဲဆီ PAHTAMA HTEIK TAN
PRODUCTION CO-OPERATIVE LTD
NO.A/68,5
Complex, Lannmadaw Township,
Yangon, Myanmar.
၃။ လနဂါးအမှတ်တံဆိပ် မြေပဲဆီ မကွေးပဲဆီသန့်/နှမ်းဆီသန့်
ဆိုင်အမှတ်(၁၆၃)၊ (ဘီ)ဘလောက်၊
မြေအောက်ထပ်၊ သိမ်ကြီးဈေး(ဒီ)ရုံ
၄။ အမှတ်တံဆိပ် ဖော်ပြမထားပါ မြေပဲဆီ ချမ်းမြေ့ဆီဆိုင်(ညောင်ပင်လေးဈေး)
၅။ အမှတ်တံဆိပ် ဖော်ပြမထားပါ မြေပဲဆီ ဥဩမင်းဆီဆိုင်(ညောင်ပင်လေးဈေး)
၆။ အမှတ်တံဆိပ် ဖော်ပြမထားပါ မြေပဲဆီ အမှတ်(၁၄)၊ လမ်းမတော်မြို့နယ်ရှိ ဆီဆိုင်
၇။ အောင်အမှတ်တံဆိပ် နှမ်းဆီ အမှတ်(၆၄)၊ (၂၄၆)၊ မြေအောက်ထပ်
သိမ်ကြီးဈေး
၈။ လနဂါးအမှတ်တံဆိပ် နှမ်းဆီ မကွေးပဲဆီသန့်/နှမ်းဆီသန့် ဆိုင်အမှတ်(၁၆၃)၊(ဘီ)ဘလောက် မြေအောက်ထပ်၊သိမ်ကြီးဈေး(ဒီ)ရုံ
၉။ အမှတ်တံဆိပ် ဖော်ပြမထားပါ နှမ်းဆီ ချမ်းမြေ့ဆီဆိုင်(ညောင်ပင်လေးဈေး)

၃။စားသုံးသူများတွင် အမှတ်တံဆိပ်အမည်၊ ဆီအမျိုးအစား၊ အခြားပါ၀င်ပစ္စည်းများ၊ ထုပ်ပိုးမှု့ပမာဏ၊ ထုတ်လုပ်သူအမည်နှင့် လိပ်စာ၊ ထုတ်လုပ်ရက်စွဲ အမှတ်အသား တို့ကို ဖော်ပြရန်လိုပါကြောင်းနှင့်လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက တည်ဆဲဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဋ္ဌာန