အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီးထံသို့တင်ပြလမ်းညွှန်မှု ခံယူခြင်းအခမ်းအနား
၂၀၂၀ပြည်နှစ်၊ဇူလိုင်လ(၂၂)ရက်နေ့၊နေပြည်တော်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအတွင်းဝန် တို့ပါဝင်သော အဖွဲ့သည် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ တွင် နေပြည်တော်(ရုံးချုပ်) တွင်ကျင်းပပြုလုပ်သော“ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြလမ်းညွှန် မှုခံယူခြင်းအခမ်းအနား ” သို့တက်ရောက်ခဲ့ပါသည်။အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများမှ သက်ဆိုင်ရာ Power Point များဖြင့် ဌာနခွဲတစ်ခုချင်းစီအလိုက် ဦးစီးဌာနနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အခက်အခဲများနှင့် လိုအပ်ချက်များအား တင်ပြခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ တင်ပြချက်များအရ ဝန်ထမ်းအင်အား လိုအပ်မှုများနှင့် နည်းပညာလိုအပ်မှုအခြေအနေ များ၊ ရှေ့ဆက်ဆောင်ရွက်ရန်အတွက် ဖြည့်ဆည်းပေးမည့် အစီအစဉ်များ၊ အခြား ပြည်တွင်း/ပြည်ပ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များအား တင်ပြချက်များအလိုက် လမ်းညွှန်မှုပြုခဲ့ပါ သည်။