(၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့် ပြည်ထောင်စုဘဏ္ဍငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည့်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အပေါ် ပြန်လည်ဖြေရှင်းချက်များ ဆွေးနွေးပွဲသို့ ညွန်ကြားရေးမှူးချုပ်တက်ရောက်ခြင်း

၂၀၂၀ပြည့်နှစ်၊ ဇူလိုင် လ၊ ၂၁ ရက်။ နေပြည်တော်။

အဆိုပါ ဆွေးနွေးပွဲကို နံနက် (၁၀:၀၀)အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဝန်ကြီးရုံးညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ညွန်ကြားရေးမှူးချုပ်များ၊ တက်ရောက်ခဲ့ကြပြီး ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ တာဝန်ခံများ၊ စီမံချက်မန်နေဂျာများမှ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။