လက်ဖက်နှင့်ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးကြေညာချက်

မြန်မာ့အလင်း ( ၁၂-၃-၂၀၀၉ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်း သော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိပါ သည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော လက်ဖက်များကို ဓာတ်ခွဲစစ်ဆေးရာအောက်ဖော်ပြပါ လက်ဖက်အမှတ်တံဆိပ်များ၌ အစား အသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အဝါရောင်ဆိုးဆေး( Auramine O) ပါ၀င်ကြောင်း တွေ့ရှိရသည်။
Auramine O သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ပါသည်။ စားသုံးသူများအား လတ်တလော အဆိပ်အတောက် မဖြစ်စေသော်လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှု့ကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းတို့ကြောင့် Auramine O ပါ၀င်သောလက်ဖက်များသည် စားသုံးရန် မသင့်ကြောင်းအသိပေးအပ်ပါသည်။

အစား အသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အဝါရောင်ဆိုးဆေး( Auramine O)တွေ့ရှိရသည့် အမှတ်တံဆိပ်/လုပ်ငန်းများနှင့် လက်ဖက်အမျိုးအစားများ

စဉ် အမှတ်တံဆိပ်/လုပ်ငန်း လက်ဖက်အမျိုးအစားများ
၁။ ရွှေခြင်္သေ့တံဆိပ် လက်ဖက်အသား၊ ချဉ်စပ်လက်ဖက်
၂။ ပဒေသာလုပ်ငန်း လက်ဖက်အသား
၃။ မျိုးတံဆိပ် ချဉ်စပ်
၄။ မတင်ပိုင် တံဆိပ် လက်ဖက်အသား၊ကြက်ခြေနီနှပ်
၅။ အောင်ပွင့်ဖူးလုပ်ငန်း လက်ဖက်အသား
၆။ ရွှေပြည်စံတံဆိပ် လက်ဖက်အသား
၇။ ရွှေပြည်တန်တံဆိပ် လက်ဖက်အသား
၈။ လမင်းတံဆိပ် လက်ဖက်အသား ၊ ချဉ်စပ်လက်ဖက်
၉။ ၀င်းလုပ်ငန်း လက်ဖက်အသား
၁၀။ ငွေတောင်တန်းတံဆိပ် လက်ဖက်ဆီနှပ်
၁၁။ ပင်ပျိုရွက်နုလုပ်ငန်း လက်ဖက်အသား
၁၂။ ချစ်မမတံဆိပ် လက်ဖက်နှပ်
၁၃။ ရွှေညီနောင် လုပ်ငန်း လက်ဖက်အသား
၁၄။ အောင်ဆင်မင်းတံဆိပ် လက်ဖက်ဆီနှပ် နှင့်အကြော်စုံ
၁၅။ ပလောင်ပျိုမေတံဆိပ် လက်ဖက် နှင့်အကြော်စုံ
၁၆။ အောင်သပြေတံဆိပ် လက်ဖက်အသား
၁၇။ ထိပ်တန်းအောင်လုပ်ငန်း လက်ဖက်အသား
၁၈။ နေလ တံဆိပ် ချဉ်စပ်
၁၉။ မရွှေယု တံဆိပ် ဇယန်းအညွန့်နှပ်၊ အစပ်
၂၀။ စိန်ဝေလျံ တံဆိပ် လက်ဖက်နှပ်
၂၁။ မြင့်မိုရ်လုပ်ငန်း လက်ဖက်အသား
၂၂။ စမ်းမင်းတံဆိပ် ချဉ်စပ်လက်ဖက်
၂၃။ သုခိတာလုပ်ငန်း လက်ဖက်အသား
၂၄။ ရွှေနတ်သားလုပ်ငန်း လက်ဖက်အသား
၂၅။ ငြိမ်းငြိမ်း တံဆိပ် လက်ဖက်အသား၊ချင်းချဉ်စပ်၊
လက်ဖက်ချဉ်စပ်
၂၆။ ရွှေတုတ် တံဆိပ် မိုးကုတ်လက်ဖက်ညွန့် နှင့်အကြော်စုံ
မိုးကုတ်လက်ဖက်ချဉ်စပ် နှင့်အကြော်စုံ
မိုးကုတ်လက်ဖက်ရှူးရှဲနှင့်အကြော်စုံ
၂၇။ မြသီဒါ တံဆိပ် လက်ဖက်အသား၊ ချဉ်စပ်လက်ဖက်
ဇယန်းနှပ်
၂၈။ သီဟစိုး လုပ်ငန်း လက်ဖက်အသား
၂၉။ ကျော်ကျော်မှီတံဆိပ် လက်ဖက်အသား၊ ချဉ်စပ်လက်ဖက်
၃၀။ သိန်းတရာ လုပ်ငန်း လက်ဖက်အသား
၃၁။ ရည်မွန် တံဆိပ် ချဉ်စပ်
၃၂။ ဖိုးလမင်းလုပ်ငန်း လက်ဖက်အသား
၃၃။ ဗေဒါရွှေကြာလုပ်ငန်း ချင်းချဉ်စပ်လက်ဖက်
၃၄။ ရွှေရည်မွန် တံဆိပ် ဇယန်းအညွန့်အချို၊ ဇယန်းအညွန့် ချဉ်စပ်၊
ရှူးရှဲလက်ဖက်
၃၅။ ဓနဝေလုပ်ငန်း လက်ဖက်အသား
၃၆။ ရွှေကြိုးကြာ ငွေကြိုးကြာလုပ်ငန်း လက်ဖက်အသား
၃၇။ ရွှေအိုးကြီး တံဆိပ် ရှူးရှဲလက်ဖက်နှပ်
ရှူးရှဲလက်ဖက်အကြော်စုံ၊လက်ဖက်နှပ်
၃၈။ ၀င့်ဝါဦး တံဆိပ် ချဉ်စပ်လက်ဖက်
၃၉။ အရီးတောင်း တံဆိပ် လက်ဖက်အသား၊ ချဉ်စပ်
၄၀။ သိန်းသန်း တံဆိပ် လက်ဖက်အသား၊ ချဉ်စပ်
၄၁။ ပလောင်လေး တံဆိပ် ဇယန်းလက်ဖက်နှပ်
၄၂။ ပုလဲရတနာ တံဆိပ် လက်ဖက်ဆီနှပ်အချို
၄၃။ မွမွလေး တံဆိပ် လက်ဖက် နှင့်အကြော်စုံချဉ်စပ်၊
လက်ဖက်ချဉ်စပ်

ကျန်းမာရေးဝန်ကြီးဌာန

154 thoughts on “လက်ဖက်နှင့်ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးကြေညာချက်

Leave a Reply

Your email address will not be published.