မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမူဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ ညွန်ကြားရေးမှူးချုပ် တက်ရောက်ခြင်း
၁၈.၇.၂၀၂၀၊ ဇူလိုင် လ၊ ၂၀၂၀ပြည့်နှစ်။
အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့၊ ဆေးတက္ကသိုလ်(၁) ရန်ကုန် အပန်းဖြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချူပ် ပါမောက္ခဒေါက်တာခင်ဇော် နှငိ့ ဦးစီးဌာနများမှ ညွန်ကြားရေးမှူးချူပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမူဆောင်အဖွဲ့ဝင်များ၊ Honorable Professorများ၊ နှင့် ဖိတ်ကြားထားသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။