ဟားခါးမြို့ ပြည်တော်သာမြို့မစျေးရှိ စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

ဟားခါး ဇူလိုင် ၁၇

ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဝန်ထမ်းများသည် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်ပူးပေါင်း၍ ၁၇၊ ၊၇၊ ၂၀၂၀ ရက်နေ့၌ ဟားခါးမြို့၊ ပြည်တော်သာမြို့မစျေးရှိ စျေးဆိုင်(၂၃)ဆိုင်တွင် သက်တမ်းလွန်/စားသုံးရန်မသင့်သောအစားအသောက်များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး​ပြီး စားသုံးရန်မသင့်သည့်သက်တမ်းလွန်စားကုန်များ ခန့်မှန်းတန်ဖိုး (၄၆၃၀၀) ကျပ်ခန့်ကို သိမ်းဆည်းခဲ့ပါသည်။ ထို့နောက် အစားအသောက်နမူနာ (၁၅)မျိုးအား Mobile Lab Van ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ တားမြစ်ဓာတုပစ္စည်းများ ပါဝင်မှုမရှိ​ကြောင်း တွေ့ရှိပါသည်။