တိုင်းရင်းဆေးပညာဦးစီးစီးဌာနစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ညွှန်ကြားရေးမှုးချုပ်တက်ရောက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ရက်နေ့၊နေပြည်တော်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော်နှင့်တိုင်းရင်းဆေးပညာဦးစီးဌာနမှ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ ပါဝင်သော ကော်မတီအဖွဲ့ဝင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော်ရုံးအမှတ် (၄၇) တွင် တိုင်းရင်းဆေးပညာဦးစီးဌာ၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာ တာဝန်ခံများမှ တင်ပြချက်များအား ညှိနှိုင်းဆွေးနွေး၍ ကော်မတီမှဆောင်ရွက်ရန်လုပ်ငန်းစဥ်များနှင့်ဆုံးဖြတ်ချက်များချမှတ်ခဲ့ပါသည်။