ဖလမ်းမြို့တွင်စားကုန်ဆိုင်များကွင်းဆင်းစစ်ဆေး
ဖလမ်း ဇူလိုင် ၁၆
ဖလမ်းခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဝန်ထမ်းများသည်
ခရိုင်/မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ၁၆၊၇၊ ၂၀၂၀ ရက်နေ့တွင် ဖလမ်းမြို့၊ဗလိုင်ရပ်ကွက်ရှိစားကုန်ဆိုင် ၁၀ ဆိုင်ကိုကွင်းဆင်းစစ်ဆေးခဲ့ရာ ၆ ဆိုင်မှ သက်တမ်းလွန်အစားအသောက်များ(ခန့်မှန်းတန်ဖိုး ၄၆၈၀၀ကျပ်ခန့်)ကိုသိမ်းဆည်းခဲ့ပြီး သက်တမ်းလွန်စားကုန်များ
ထပ်မံရောင်းချမှုမရှိစေရေး၊ စားသုံးရန်မသင့်သည့်စားကုန်များရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။