သောက်ရေသန့်နှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်
(၂၈-၈-၂၀၀၅) ရတနာပုံ စာမျက်နှာ ၁၁
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် စစ်မှန်ပြီး အရည်အသွေးပြည့်မီသော သောက်ရေသန့်များကို အများပြည်သူတို့ သောက်သုံးနိုင်ရန်နှင့် သောက်ရေသန့်များ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရေး အတွက် စီစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ပြည်နယ်၊ တိုင်းများရှိ ဈေးကွက်များမှ သောက်ရေသန့်နမူနာများကို ၀ယ်ယူစစ်ဆေးရာ အောက် ဖော်ပြပါ သောက်ရေသန့် အမှတ်တံဆိပ်များမှာ ကျန်းမာရေးဦးစီးဌာန၏ အစားအသောက် (သောက်ရေသန့်) ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားခြင်းမရှိပါသဖြင့် အရည်အသွေး အာမခံချက် မရှိသော သောက်ရေသန့်များဖြစ်ကြောင်း အသိပေးအပ်ပါသည်။
| စဉ် | သောက်ရေသန့် အမှတ်တံဆိပ် | လုပ်ငန်းတည်ရှိရာ လိပ်စာဖော်ပြချက် |
|---|---|---|
| ၁။ | Samurai | SPS (Mandalay) |
| ၂။ | Royal | လမ်း ၃၀ ၊ ၆၆-၆ရလမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ |
| ၃။ | ငပလီ | အေ -၅၊ သီရိရိပ်သာ၊၃၅လမ်း၊၇၀-၇၁လမ်းကြား မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ |
| ၄။ | မြသီဒါ | မန္တလေးမြို့။ |
| ၅။ | လင်းမာန်သစ် | ထီးချိုင့်မြို့။ |
| ၆။ | စိမ်းရတနာ | ဆိပ်မူ၊ မှော်ရှန်၊ ဖားကန့်မြို့။ |
| ၇။ | မင်္ဂလာ | ဆိပ်မူ၊ ဖားကန့်မြို့။ |
၃။ ကျန်းမာရေးဦးစီးဌာန၏ အစားအသောက်(သောက်ရေသန့်)ထုတ်လုပ်ခြင်း ထောက်ခံချက် လက်မှတ်ရရှိခြင်းမရှိသေးဘဲ အစားအသောက် (သောက်ရေသန့်)များ ထုတ်လုပ်ခြင်းမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက တည်ဆဲဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းသတိပေးအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
