ရွေ့လျားဓာတ်ခွဲယာဉ်(Mobile Lab Van)ဖြင့်ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း

ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ၁၅.၇.၂၀၂၀ ရက်နေ့တွင် မြဝတီခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊မြဝတီ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ တို့နှင့် ပူးပေါင်း၍ မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ စားသောက်ကုန်ရောင်းချသော လက်လီ/လက်ကား ဆိုင်ကြီးပေါင်း(၁၇)ဆိုင်တွင် တားမြစ်ထားသော အစားအသောက်များ နှင့် စားသုံးရန်မသင့်ဟု ထုတ်ပြန်ကြေညာ ထားသော အစားအသောက်များ ရောင်းချနေခြင်း ရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထို့အတူ သံသယရှိသော အစားအသောက် နမူနာပေါင်း(၂၁)မျိုးအားဝယ်ယူခဲ့ပြီး ၎င်းတို့အထဲမှ(၆)မျိုးအား ရွေ့လျားဓာတ်ခွဲယာဉ် (mobile lab van)ပေါ်တွင် ချက်ချင်းစစ်ဆေးခဲ့ရာ တားမြစ်ဓာတုပစ္စည်းမပါရှိကြောင်းတွေ့ရှိရပါသည်။ကျန်အစားအ‌သောက် နမူနာများကို ပြည်နယ်ဓာတ်ခွဲခန်းတွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပါသည်။တားမြစ်ထားသော အစားအသောက် အမျိုးအစား(၂)မျိုးတွေ့ရှိခဲ့၍ ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် စီမံခန့်ခွဲမှု နည်းအရ ဆိုင်ရှင်များအား ခံဝန်ကတိရေးထိုးစေ၍ ၎င်းအစားအသောက်များကို သိမ်းဆည်းခဲ့ပြီး ဖွင့်ဖောက်ဖျက်စီးခဲ့ပါသည်။