စည်သွတ်အစားအသောက်များနှင့် ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်

ကြေးမုံသတင်းစာ စာမျက်နှာ ၁၁ (၂၀-၁၀-၂၀၀၅)
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန်နှင့် အစားအသောက်များ၏ အရည်အသွေး
ကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂။စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန်တောကျေးရွာ ဈေးဆိုင်များတွင် ရောင်းချနေသော အောက် ဖော်ပြပါ စည်သွတ်ဘူး(၅)မျိုးသည် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် မရရှိထားခြင်း၊ ဘူးခွံ(Container)များမှာ သံချေးတက်နေခြင်း၊ နို့ဆီ/နို့စိမ်းဘူးခွံများကို ပြန်လည်သုံးစွဲထားခြင်း တို့ကြောင့် ဘူးခွံ(Container)၏ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု့မရှိခြင်း၊ ဘူးခွံပေါ်ပါ ရက်စွဲ အမှတ်အသားမှာ မူလနို့ဆီ/နို့စိမ်းဘူးများ၏ ရက်စွဲအမှတ်အသားဖြစ်ခြင်း၊ ထုတ်လုပ်ရက်စွဲ အမှတ်အသားများဖော်ပြမှု့မရှိခြင်းတို့ကြောင့် အများပြည်သူစားသုံးရန်မသင့်သော စည်သွတ်ဘူး များဖြစ်ကြောင်းနှင့် အလားတူ စားသုံးရန်မသင့်သော အစားအသောက် ပစ္စည်းများအား ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချလေ့ရှိသဖြင့် အများပြည်သူ ကျန်းမာရေးထိခိုက်နိုင်ပါ၍ သတိပြုကြ ပါရန် အသိပေးအပ်ပါသည်။

စဉ် အမှတ်တံဆိပ် လုပ်ငန်းအမည် နှင့် လိပ်စာဖော်ပြချက်
၁။ “Sun အမှတ်တံဆိပ်” ၀က်သားစည်သွတ်ဘူး Ever Rich International Production Co.,Ltd.
၂။ “Sun အမှတ်တံဆိပ်” ကြက်သားစည်သွတ်ဘူး Ever Rich International Production Co.,Ltd.
၃။ “Sun အမှတ်တံဆိပ်”အမဲသား စည်သွတ်ဘူး Ever Rich International Production Co.,Ltd.
၄။ “Shwe Nan Daw/ ရွှေနန်းတော် အမှတ်တံဆိပ်” Ever Rich International Production Co.,Ltd.
၅။ “တရုတ်ဘုံကျောင်း အမှတ်တံဆိပ်” ၀က်သားစည်သွတ်ဘူး Ever Rich International Production Co.,Ltd.

၃။စည်သွတ်အစားအသောက် ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချလိုသူများသည် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျောက်ထားရယူပြီးမှ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရန် လိုအပ်ပါကြောင်းနှင့် လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက သက်ဆိုင် ရာ အာဏာပိုင် အဖွဲ့အစည်းက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန