ယိုစုံများနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်
ကြေးမုံသတင်းစာ စာမျက်နှာ ၁၃ ( ၆-၁၀-၂၀၀၅ )
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးရန်နှင့် အစားအသောက်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ဈေးကွက်များတွင် ယိုစုံနမူနာများကို ၀ယ်ယူစီစစ်ခဲ့ရာ အောက်ဖော်ပြပါ ယိုစုံအမှတ်တံဆိပ်များမှာ
ကျန်းမာရေးဦးစီးဌာန၏ အစားအသောက််ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ်ရရှိထားခြင်း မရှိ သည့်အပြင် ဓာတ်ခွဲစစ်ဆေးချက်အရ အစားအသောက် သုံးခွင့်မပြု ဆိုးဆေးအသုံးပြုထားသဖြင့် စားသုံးရန် မသင့်သော ယိုစုံများဖြစ်ကြောင်း သတိပေးအပ်ပါသည်။
စဉ် | ယိုစုံအမှတ်တံဆိပ် |
---|---|
၁။ | “ရွှေစင်” ပြင်ဦးလွင်မက်မန်း |
၂။ | “တောင်ပေါ်သားလေးစိုင်းစိုင်း” တရုတ်ဆီးသီးအစေ့လွတ် |
၃။ | “ABC”မက်မန်း (မက်မန်းနှင့် သစ်သီးယိုစုံ) |
၃။ ကျန်းမာရေးဦးစီးဌာန၏ အစားအသောက််ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ်ရရှိထားသော အစားအသောက်(ယိုစုံ)များမှာ အရည်အသွေး အာမခံချက်ရှိပြီး အန္တရယ်ကင်းစင်ကြောင်းဖော်ပြအပ် ပါသည်။
၄။ ကျန်းမာရေးဦးစီးဌာန၏ အစားအသောက််ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ်ရရှိထားခြင်း မရှိ သေးပဲ အစားအသောက်(ယိုစုံ)များ ထုတ်လုပ်ခြင်းမပြုလုပ်ပါရန်နှင့်လိုက်နာဆောင်ရွက် ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း
သတိပေးအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန