ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးအားကြည့်ရှုစစ်ဆေးခြင်း။
ရန်ကုန် ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၃ ရက်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်သည် ရန်ကုန်တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ညနေပိုင်းအချိန်တွင်ရောက်ရှိပြီး ညွန်ကြားရေးမှူး ဒေါက်တာမင်းဝန်နှင့်အတူတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်တာမပျက် ရုံးနှင့် ဓါတ်ခွဲခန်းများ ရွှေပြောင်းရေးအတွက် လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးခြင်း၊ PMSလုပ်ငန်းများဆောင်ရွက်ရာတွင်ပိုမိုတွင်ကျယ်စေရန်အတွက် အနောက်ပိုင်းခရိုင်ရုံးစုစည်းထားမည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။