ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(ရန်ကုန်)မှတိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)သို့ပြောင်းရွှေ့နိုင်ရေးညှိုနှိုင်းအစည်းအဝေးတက်ရောက်ခြင်း။

ရန်ကုန်မြို့၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၃ရက်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်သည် တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ (ရန်ကုန်) အဆင်ပြေချောမွေ့စွာပြောင်းရွှေ့နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံအကြံပေးအဖွဲ့ဥက္ကဌ ဒေါက်တာတင်ညွန့်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆင်ပြေချောမွေ့စွာပြောင်းရွှေ့နိုင်ရေးဆွေးနွေးချက်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီးညွှန်ကြားရေးမှူးချုပ်မှ Quality Assurance ဆိုင်ရာလိုအပ်ချက်များနှင့် အညီတိုင်းရင်း ဆေးဝါးထုတ်လုပ် ရေးအတွက် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ (ရန်ကုန်)လက်ရှိစက်ရုံဟောင်း၊ ကုန်ချောသိုလှောင်ထားရှိမှု၊ မသုံးစွဲရသေးသော စက်ပစ္စည်းများထားရှိရာနေရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

Sharing is caring!