အစားအသောက်( ငရုတ်ဆီ)များနှင့် ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်

၁၃၆ရခုနှစ်၊ နတ်တော်လဆန်း ၁ရက်၊ ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာ ၁ရက်၊ ကြာသာပတေးနေ့၊ အတွဲ(၄၃)၊ အမှတ်(၆၂)
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး အန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန်နှင့် အစားအသောက်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ အောက်ဖော်ပြပါ မန္တလေးမြို့ ဈေးကွက်များမှ ငရုတ်ဆီများမှာ အစားအသောက်တွင် သုံးခွင့်မပြုသော ဆိုးဆေးများ အသုံးပြုထားကြောင်း စီစစ်တွေ့ရှိရပါသဖြင့် စားသုံးရန် မသင့်သော ငရုတ်ဆီများ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

စဉ် ငရုတ်ဆီအမှတ်တံဆိပ် ထုတ်လုပ်သည့်လုပ်ငန်း နှင့် လိပ်စာ
၁။ ရွှေနှင်းဆီ ဖော်ပြထားခြင်းမရှိပါ။
၂။ ဇာမဏီ ဖော်ပြထားခြင်းမရှိပါ။
၃။ ပန်းပွင့် ဖော်ပြထားခြင်းမရှိပါ။
၄။ ရွှေနဂါး မန္တလေးမြို့။
၅။ ပြည့်ဖြိုးလျှံ အမှတ် ၂၄၊ ၁၆ လမ်းနှင့်၈၈လမ်းထောင့်၊ မန္တလေးမြို့။
၆။ ရွှေကျေး ဖော်ပြထားခြင်းမရှိပါ။
၇။ ဒေါင်း မန္တလေးမြို့။

၃။အစားအသောက်ထုတ်လုပ်သူများသည် အရည်အသွေးအာမခံချက်ရှိသော အစားအသောက်သုံးဆိုးဆေးများကိုသာ အသုံးပြုထုတ်လုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန