ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးသစ်သို့သွားရောက်စစ်ဆေးခြင်း။

ရန်ကုန် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၃ရက်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်သည် ရန်ကုန်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ထောက်ကြန့်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနခွဲ၏
ရုံးသစ်သို့အဆင်ပြေ ချောမွေ့စွာပြောင်းရွှေ့ရန် အတွက်လက်ရှိတည်ဆောက်ရေးလုပ်ငန်းများ၏ပြီးစီးမှုအခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများမှ လိုအပ်ချက်များပြန်လည်တင်ပြဆွေးနွေးခဲ့ပါသည်။