(၂၀၂၀-၂၀၂၁)ပညာသင်နှစ်သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာ စိစစ်ရွေးချယ်ရေးညှိနှိုင်းအစည်းအဝေးသို့ညွှန်ကြားရေးမှူးချုပ်တက်ရောက်

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၀) ရက်နေ့

(၂၀၂၀-၂၀၂၁)ပညာသင်နှစ်သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း ဝင်ခွင့် လျှောက်လွှာ စိစစ်ရွေးချယ်ရေးညှိနှိုင်းအစည်းအဝေးအားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး အမှတ်(၄)တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ အခြားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှုးများ၊ သူနာပြုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။