သထုံမြို့နယ်၊ ကျိုက္ကော်ဈေးရှိ အစားအသောက်ကုန်စုံဆိုင်(၃၆) ဆိုင်၊ ဆေးနှင့်ဆေးပစ္စည်းဆိုင် (၆) ဆိုင်နှင့် အလှကုန်ဆိုင် (၈) ဆိုင် တို့အား (၉.၇.၂၀၂၀) ရက်နေ့တွင် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း
သထုံခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့၀င်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ သထုံမြို့နယ်၊ ကျိုက္ကော်ဈေးရှိ အစားအသောက်ကုန်စုံဆိုင်(၃၆) ဆိုင်၊ ဆေးနှင့်ဆေးပစ္စည်းဆိုင် (၆) ဆိုင်နှင့် အလှကုန်ဆိုင် (၈) ဆိုင် တို့အား (၉.၇.၂၀၂၀) ရက်နေ့တွင် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ အလှကုန်ဆိုင် (၂) ဆိုင်မှ တားမြစ်အလှကုန် (၉) မျိုးကို သိမ်းဆည်း၍ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခဲ့ပြီး၊ ဆေးဆိုင်များမှ တားမြစ်ပစ္စည်းများ ရောင်းချခြင်းမရှိပါ။
ထို့အပြင် စားသောက်ကုန်ဆိုင်များမှလည်း တားမြစ်၊ သက်တမ်းလွန်၊ စားသုံးရန်မသင့် အစားအသောက်များ ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။