COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် COVID-19 ဖြစ်ပွားမှုအခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း အစည်းအဝေးသို့ညွှန်ကြားရေးမှူးချုပ်ပါ‌မောက္ခဒေါက်တာခင်ဇော် Online မှ တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၉) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် COVID-19 ဖြစ်ပွားမှုအခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း” အစည်းအဝေးအား video conferencing ဖြင့် ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်လေး တို့ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ဦးစီးမှုးများ၊ တာဝန်ရှိသူများမှ ဆောင်ရွက်နေမှုများ ၊အခက်အခဲများ၊ အကြံပြုဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသူများမှအထွေထွေဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။