အချိုရည်နှင့်ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကြေးမုံသတင်းစာ စာမျက်နှာ ၃ ( ၂၅-၉-၂၀၀၉ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ် မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။
မန္တလေးဈေးကွက်တွင် ရောင်းချလျက်ရှိသော အောက်ပါအမှတ်တံဆိပ် အချိုရည်များ သည် ကျန်းမာရေးဦးစီးဌာန၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားခြင်းမရှိပါ။
အချိုရည်ပုလင်းအဟောင်းများကို ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။အမှတ်တံဆိပ်ကိုစစ်ဆေးရာတွင် ထုတ်လုပ်သူအမည်၊ လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊သက်တမ်းကုန်ရက်စွဲများ ဖော်ပြထားခြင်း
မရှိပါ။ဓာတ်ခွဲ စစ်ဆေးရာတွင် အဏုဇီဝရောဂါပိုးများ ပါရှိနေသည့်အတွက် သောက်သုံးမိပါက မူးဝေအော့အန်ခြင်း၊ ၀မ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်းများဖြစ်နိုင်သည်။
သို့ပါ၍ ယင်းအမှတ်တံဆိပ် အချိုရည်များကို သောက်သုံးခြင်းမပြုသင့်ကြောင်း အသိပေးအပ်ပါသည်။
စဉ် | အမှတ်တံဆိပ် | ပါ၀င်မှု့ | ထုပ်ပိုးပုံ |
---|---|---|---|
၁။ | Sponsor (Hight Speed) အမှတ်တံဆိပ် အချိုရည် | ၂၅၀ စီစီ | ဖန်ပုလင်း |
၂။ | Sponsor Energy Drink | ၂၅၀ စီစီ | ဖန်ပုလင်း |
ကျန်းမာရေးဝန်ကြီးဌာန