Food and Drug Administration (FDA) and American Chamber of Commerce (AMCHAM) Quarterly Meeting
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ နေပြည်တော်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာခင်ဇော်နှင့် သက်ဆိုင်ရာဌာနခွဲများမှ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၏ လမ်းညွှန်ချက်အရ American Chamber of Commerce (AMCHAM) မှ တာဝန်ရှိသူများနှင့် Video Conferencing မှတဆင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဆောင်ရွက် လျက်ရှိသောသွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သတ်၍ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ဓာတ်ခွဲအဖြေစိစစ်ခြင်းကိစ္စရပ်များ၊ သွင်းကုန် ထောက်ခံချက်နှင့် သွင်းကုန် ကျန်းမာရေးထောက်ခံချက် လျောက်ထားရာတွင် လိုအပ်ချက်များအပေါ် အကြံပြုလိုသည်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ယခုဆွေးနွေးခြင်းအပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် American Chamber of Commerce (AMCHAM) တို့မှ သွင်းကုန်များတင်သွင်းရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးပေါ်မူတည်၍ အကြံပြုတင်ပြချက်များ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်ပါသည်။