ရန်ကုန်မြို့ ဆွစ်ဇာလန်နိုင်ငံသံရုံး မှ ယာယီတာဝန်ခံသံမှူးကြီး နှင့် တွေ့ဆုံပွဲ သို့ ညွန်ကြားရေးမှူးချုပ်တက်ရောက်
၂၀၂၀ပြည့်နှစ်၊ ဇူလိုင် လ၊ ၈ရက်နေ့။ နေပြည်တော်။
အဆိုပါတွေ့ဆုံပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၄)၊ EOC အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ လက်ခံတွေ့ဆုံခဲ့ပြီး COVID-19နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရေးကိစ္စ၊အမျိုးသားကျန်းမာရေးအာမခံဥပဒေနှင့်ပတ်သက်သော ကိစ္စရပ်များဆွေးနွေးခဲ့ကြပါသည်။