အစားအသောက်(ယိုစုံ)များနှင့် ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး အန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန်နှင့် အစားအသောက်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ မန္တလေးမြို့ ဈေးကွက်မှဝယ်ယူ စီစစ်ခဲ့သော ယိုစုံများအနက် အောက်ဖော်ပြပါ ယိုစုံများမှာ အစား အသောက်တွင် သုံးခွင့်မပြုသော ဆိုးဆေး( Unpermitted Food Colour)များ အသုံးပြုထားကြောင်း နှင့် အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှု့မရှိပါကြောင်း တွေ့ရှိရပါသဖြင့် စားသုံးရန်မသင့်သော ယိုစုံများဖြစ်ကြောင်း အသိပေးအပ်ပါသည်။

စဉ် အစားအသောက်အမည် လုပ်ငန်းအမည်
၁။ နေရှိုင်းအမှတ်တံဆိပ် သင်္ဘောဆီးဖြူသီး နေရှိုင်းမက်မန်းနှင့် စားသောက်ကုန်လုပ်ငန်း
၂။ တွမ်တီးအမှတ်တံဆိပ် မက်မန်းယို Tun Family Product
၃။ တွမ်တီးအမှတ်တံဆိပ် မက်မန်းသီး Tun Family Product
၄။ စားဖွယ်အမှတ်တံဆိပ် ဂွေးသီးစိတ် Phone 02-65483, 09 9061499
၅။ ဆုလာဘ်အမှတ်တံဆိ်ပ် အစေ့လွတ်ဆီးယို ဆုလာဘ်အဆင့်မြင့် သစ်သီးယိုစုံ
၆။ ရှင်းရီအမှတ်တံဆိပ် မက်မန်းသီးစိတ် ရှင်းရီမက်မန်းနှင့် သီးစုံ Mandalay, Product of Myanmar

၃။ယိုစုံအမှတ်တံဆိပ်များတွင် ယိုစုံအမျိုးအစား၊ ပါ၀င်ပစ္စည်း၊ ထုပ်ပိုးမှု့ပမာဏ၊ ထုတ်လုပ်သူအမည် နှင့် လိပ်စာ၊ ထုတ်လုပ်ရက်စွဲအမှတ်အသားတို့ကို ဖော်ပြရန်လိုပါကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန