ဘုရားကြီးမြို့မဈေးတွင် ရှောင်တခင်ကွင်းဆင်း၍ ဈေးကွက်နမူနာကောက်ယူခြင်း

(၇.၇.၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ တာဝန်ရှိသူများသည် ဘုရားကြီးမြို့မဈေး၌ မျှစ်ရောင်းချနေသောဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်မှုရှိ/မရှိကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် ဈေးကွက် နမူနာကောက်ယူစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ကောက်ယူလာသောနမူနာများအား ပဲခူးတိုင်း ဒေသကြီးအစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် ဆက်လက်စစ်ဆေး လျက်ရှိပါသည်။