အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နေပြည်‌တော် သောက်ရေသန့်လုပ်ငန်းရှင်များအသင်းမှလာရောက်ဆွေးနွေးခြင်းအားလက်ခံတွေ့ဆုံဆွေးနွေးခြင်း

၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၈ ရက်နေ့၊ နေပြည်တော်။

နေပြည်တော်အတွင်း ရောင်းချလျက် ရှိသော သောက်ရေသန့်များထုတ်လုပ် ရောင်းချလျက်ရှိနေခြင်းနှင့်စပ်လျှဉ်း ၍ နေပြည်တော် ‌သောက်ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဒုဥက္ကဌ နှင့်အဖွဲ့မှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်ဦးဆောင်သော အစားအသောက်ဌာနခွဲမှတာဝန်ရှိသူများထံ သို့ တွေ့ဆုံဆွေးနွေးခွင့်ပြုပါရန်တင်ပြလာခြင်းအား လက်ခံတွေ့ဆုံခဲ့ပါသည်။ တင်ပြလာသည့် အခက်အခဲမေးခွန်းများအား သက်ဆိုင်ရာဌာနခွဲမှ မရှင်းလင်းသည့်အချက်များနှင့် အကြံပြု‌စေလိုသည့် အချက်များ အားမေးမြန်းရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ထုံးလုပ်နည်းများအား ဖြေကြားဆွေးနွေးခဲ့ပါသည်။ထောက်ခံချက် မလျောက်ထားပဲရောင်းချခြင်း၊ သက်တမ်းတိုးခြင်းမပြုပဲရောင်းချခြင်းးများတွေ့ရှိပါက စက်ရုံမှထုတ်လုပ်ခြင်းမှရပ်နားစေ၍ ထောက်ခံချက် ‌ရရှိပါမှပြန်လည်ထုတ်လုပ်ခွင့်ပြုခြင်းတို့အားဆောင်ရွက်လျက်ရှိပါသည်။ FDA မှဈေးကွက်အတွင်းရှိသောက်ရေသန့်များ အားရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း၊ ထုတ်လုပ်သည့်စက်ရုံများအားရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း၊ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့် ထုတ်လုပ်နိုင်ရန် ပညာပေးခြင်းလုပ်ငန်းများပါပူးတွဲ၍ ကြီးကြပ်လျက်ရှိပြီး ဓာတ်ခွဲအဖြေကောင်းမွန်ခြင်းမရှိပါက အရေးယူခြင်း စသည်ဖြင့်စီမံချက်များဖြင့်‌ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။