အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်
ကြေးမုံသတင်းစာ စာမျက်နှာ ၃ ( ၂၂-၈-၂၀၀၇ )
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန်နှင့် အစားအသောက်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ရန်ကုန်မြို့ ဈေးကွက်မှဝယ်ယူစီစစ်ခဲ့သော အောက်ဖော်ပြပါ သောက်ရေသန့်အမှတ်တံဆိပ်များသည် သောက်ရေသန့်ဆိုင်ရာ အဏုဇီဝ သတ်မှတ်ချက်၊ ဓာတုသတ်မှတ်ချက်တို့နှင့် ကိုက်ညီမှု့မရှိပါ ကြောင်း အသိပေးအပ်ပါသည်။
စဉ် | အစားအသောက်အမည် | လုပ်ငန်းအမည် နှင့် လိပ်စာဖော်ပြချက် |
၁။ | ရွှေစံပယ်/SHWE SA BEL အမှတ်တံဆိပ် 20 Litre HDPE Bottle | No.275,Mingalardon, Yangon Indrustrial Zone , Mingalardon Township |
၂။ | မြို့မ အမှတ်တံဆိပ် 20 Litre HDPE Bottle | No.11,3rd Street Bahan, Yangon Phone 01-380560 |
၃။ | သရဖူ အမှတ်တံဆိပ် 20 Litre HDPE Bottle | Phone 01-527685 |
၄။ | PH 7 အမှတ်တံဆိပ် 20 Litre HDPE Bottle | ဖော်ပြထားခြင်းမရှိပါ။ |
၃။သောက်ရေသန့်များကို ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန၏ အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်လက်မှတ်ဖြင့်သာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း က တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန