ငရုတ်သီးမှုန့်များနှင့် ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးကြေညာချက်

ရတနာပုံ ( ၅-၄-၂၀၁၀ )
ကျန်းမာရေးဝန်ကြီးဌာနသည် ဘေးအန္တရာယ်ကင်းရှင်းသော အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့်များကို ဓာတ်ခွဲစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်တွင် ခွင့်မပြုဆိုးဆေး အသုံးပြုထားကြောင်း တွေ့ရှိရသဖြင့် စားသုံးရန်မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက် ထုတ်လုပ်၊ဖြန့်ဖြူး ၊ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြု သောဓာတုဆိုးဆေးများသုံးစွဲခြင်းမပြုရန် နှင့့်် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပို်င် အဖွဲ့အစည်းက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ

စဉ် အစားအသောက်အမည် အမှတ်တံဆိပ်/လုပ်ငန်း
၁။ ငရုတ်သီးအစိမ်းမှုန့် ရွှေအုပ်အမှတ်တံဆိပ်၊ ပင်ရင်း-ကိုင်းတန်းဈေး၊ မန္တလေး။

ကျန်းမာရေးဝန်ကြီးဌာန