တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး) သို့ ညွန်ကြားရေးမှူးချုပ်ကြည့်ရှုစစ်ဆေး

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၇ရက်နေ့။မန္တလေးမြို့။

တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(ရန်ကုန်)အား တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)နှင့် အဆင်ပြေချောမွေ့စွာ ပေါင်းစည်းနိုင်ရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ GMP လိုအပ်ချက်များနှင့်အညီ အခန်းနေရာချ ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်များမှာကြားခဲ့ပါသည်။