ငရုတ်သီးမှုန့်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကြေးမုံသတင်းစာ စာမျက်နှာ ၇ ( ၁၈-၆-၂၀၁၀ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ငရုတ်သီးအရောင်တင်မှုန့်များကို ဓာတ်ခွဲစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များသည် ငရုတ်သီးမဟုတ်သည့် အမှုန့်များကိုရောနှော၍ အနီရောင် ဆိုးထားခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် စားသုံးရန်မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်အတုများ၊ ရောစပ် ထားသောအစားအသောက်၊ စံမညီအစားအသောက်များကို မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပို်င် အဖွဲ့အစည်းက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
စဉ် | အစားအသောက်အမည် | အမှတ်တံဆိပ် |
၁။ | ငရုတ်သီးအရောင်တင်မှုန့် | ဗိုလ်မ |
၂။ | ငရုတ်သီးအရောင်တင်မှုန့် | အောင်သူမြ |
၃။ | ငရုတ်သီးအရောင်တင်မှုန့် | ရွှေဆင်မင်း |
၄။ | ငရုတ်သီးအရောင်တင်မှုန့် | သင်းသင်းမွှေး |
၅။ | ငရုတ်သီးအရောင်တင်မှုန့် | ပိုင် |
၆။ | ငရုတ်သီးအရောင်တင်မှုန့် | ထူးကောင်း |
၇။ | ငရုတ်သီးအရောင်တင်မှုန့် | ခြင်္သေ့ |
၈။ | ငရုတ်သီးအရောင်တင်မှုန့် | နေတိုး |
ကျန်းမာရေးဝန်ကြီးဌာန