တိုင်းရင်းဆေးပညာရှင်များအဖွဲ့နှင့် ညွန်ကြားရေးမှူးချုပ်တွေ့ဆုံခြင်း

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၇ ရက်နေ့။ မန္တလေးမြို့။

တိုင်းရင်းဆေးအကြံပေး ပညာရှင်အဖွဲ့နှင့် ညွန်ကြားရေးမှူးချုပ် တွေ့ဆုံပွဲကို တိုင်းရင်းဆေးတက္ကသိုလ်၊ အစည်းအဝေးခန်းမ၌ မွန်းလွဲ (၁:၀၀)နာရီ အချိန် တွင်ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးပညာလောက ၌ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များ ၊အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ညွန်ကြားရေးမှူးချုပ်မှ သိလိုသည်များကို ပြန်လည်မေးမြန်းခြင်း ဖြည့်စွက်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
၎င်းနောက် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် မော်ကွန်ထိန်းတို့ပါဝင်၍ တိုင်းရင်းဆေးတက္ကသိုလ်၏စာသင်ဆောင်များအနေအထား၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် တိုင်းရင်းဆေးဆိုင်ရာပြတိုက်သို့လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။