စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ရတနာပုံ ( ၃-၂-၂၀၁၁ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများမှ ၀ယ်ယူဓာတ်ခွဲစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အရောင်ရှိ ကိတ်မုန့်နှင့် မုန့်များတွင် ကျန်းမာရေးကိုထိခိုက်စေနို်င်သော အစားသောက်တွင် သုံးခွင့်မပြုသည့် ဆိုးဆေးများပါဝင်နေသဖြင့် စားသုံးရန်မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်သူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများကို ထည့်သွင်းသုံးစွဲခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပို်င် အဖွဲ့အစည်းက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
စဉ် | အစားအသောက်အမည် | အမှတ်တံဆိပ် |
၁။ | ကိတ်မုန့် | ရတီ ထုတ်လုပ်သည့်လုပ်ငန်းလိပ်စာ ဖော်ပြမထားပါ။ |
၂။ | ကိတ်မုန့် | ဇမ္ဗူကျော် ထုတ်လုပ်သည့်လုပ်ငန်းလိပ်စာ ဖော်ပြမထားပါ။ |
၃။ | ဓားလှီးမုန့် (လေးထောင့်တုံး) | ဆန်းလာဘ် ထုတ်လုပ်သည့်လုပ်ငန်းလိပ်စာ ဖော်ပြမထားပါ။ |
ကျန်းမာရေးဝန်ကြီးဌာန