တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့ ညွန်ကြားရေးမှူးချုပ် သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၇ရက်နေ့။ မန္တလေးမြို့။

အဆိုပါ အစည်းအဝေးကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ၊ ခန်းမ (၂၀၂) တွင် နံနက် (၁၀:၀၀)၌ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခ ချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ဒုတိယညွန်ကြား ရေးမှူးချုပ်ဒေါက်တာတင်တင်မိုး၊ ဒုတိယပါမောက္ခချုပ်များ၊ Professor Emeritus များ၊ Honorable Professors များ၊ ပါမောက္ခများ၊ ဒုတိယ ပါမောက္ခများ၊ တာဝန်ခံ ဆရာ၊ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ၏ အခြေအနေများ ၊ ပုံမှန်သင်တန်းနှင့် ဘွဲ့လွန်သင်တန်းတို့၏ သင်ကြားရေးဆိုင်ရာ အစီအစဉ်များ၊ Research & Development Center တည်ဆောက်နေမှု အခြေအနေများ၊ မန္တလေးတိုင်းဒေသကြီးတိုင်းရင်းဆေးဌာန၏ တည်ဆောက်ရေးလုပ်ငန်းအခြေအနေများအား တာဝန်ရှိသူများမှ တင်ပြခဲ့ကြရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ လမ်းညွန်မူပြုခဲ့ပါသည်။ ၎င်းနောက် ကျောင်းများပုံမှန် သင်တန်းပြန်ဖွင့်ချိန်တွင် COVID-19နှင့်
ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များ အတိအကျလိုက်နာရန်၊ မိမိတို့ကျောင်းသည် တိုင်းရင်းဆေးနှင့်ပတ်သက်၍ မြန်မာနိင်ငံတွင် တစ်ကျောင်းတည်းရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ အားလုံးစုပေါင်းလာကြမည်ဖြစ်၍ COVID-19 နှင့်ပတ်သက်၍ အလေးထားရန် ညွန်ကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာချောစုမောင်၊ မန္တလေးတိုင်းရင်းဆေးပညာဥဦဦးစီးမှူးဦးစန်းလွင်တို့လည်းပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။