စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

မြန်မာ့အလင်း ( ကြာသပတေး ၊မေ ၁၅ ၊၂၀၁၄ )ပြည်တွင်းသတင်းနှင့်ကြော်ငြာ
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ၀ယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများပါ၀င်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်် ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ

စဉ် အစားအသောက်အမည် အမှတ်တံဆိပ် ဆိုးဆေးပါ၀င်မှု့
၁။ ယိုစုံ(သရက်ပြား) မီးအိမ်ရှင် Sudan III
၂။ ယိုစုံ(သရက်ပြား) စတိုင် Sudan III
၃။ မုန့်ပွကြော် ကောင်းဆက်သာ Orange II
၄။ ငရုတ်သီးအကြမ်းမှုန့် သွယ်သွယ်အေး Sudan III
၅။ ငရုတ်သီးအရောင်တင်မှုန့် သွယ်သွယ်အေး Sudan III
၆။ ငရုတ်သီးအရောင်တင်မှုန့် နှင်းပုလဲ Sudan III
၇။ ငရုတ်သီးအရောင်တင်မှုန့် သိန်းကမ္ဘာ Rhodamine B
၈။ နနွင်းမှုန့် နှင်းပုလဲ Oramine O
၉။ ငါးပိထောင်း အမေထား Rhodamine B

ကျန်းမာရေးဝန်ကြီးဌာန