ဆေးပစ္စည်းကိရိယာ ဥပဒေမူကြမ်း နှင့် စပ်လျဥ်းသော အစည်းအဝေးသို့ ညွန်ကြားရေးမှူးချုပ်တတ်ရောက်ခြင်း

၂၀၂၀ပြည့်နှစ်၊ ဇွန် လ၊ ၆ရက်နေ့။ နေပြည်တော်။

အဆိုပါ အစည်းအဝေးကို နံနက် (၁၀:၀၀) အချိန်တွင် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ အစည်းအဝေးခန်းမ( ရေးရာဆောင်အမှတ်-16) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဥပဒေကြမ်းကော်မတီ ဥက္ကဌ၊အတွင်းရေးမှူး နှင့် ကော်မတီဝင်များ ၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်၊ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်၊ ဆေးပစ္စည်း၊အလှကုန်/လူသုံးကုန် ဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာ တင်ဝါဝါဝင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေ:ရာ ဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊မြန်မာနိင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူများ တတ်ရောက်ဆွေးနွေးခဲ့ကြပါသည်။