ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ပြည်သူလူထုမှပေးပို့တိုင်ကြားစာများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများနှင့် ပြီးစီးမှုအခြေအနေများအားတင်ပြခြင်း

၂ဝ၂၀ပြည့်နှစ်၊ဇူလိုင်လ ၂ ရက် ၊နေပြည်တော်။
နေ့လည် (၂)နာရီ၊ရုံးအမှတ် (၄)။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနများသို့ ပြည်သူလူထု နှင့် ဝန်ထမ်းများမှပေးပို့သောတိုင်ကြားစာများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ပြီးစီးမှုအခြေအနေများအား သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ရှိသူများမှ တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်နှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများတက်ရောက် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။