စားသုံးရန်မသင့်သောအစားအသောက်များနှင့်ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကြေမုံသတင်းစာ စာမျက်နှာ ၉ ( ၂၃-၉-၂၀၁၀ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို မြို့နယ်များရှိဈေးများမှ ၀ယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သောအစားအသောက် များသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သော ဓာတုပစ္စည်းများပါဝင်နေခြင်း၊အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊ငရုတ်သီးမှုန့်အစစ်အမှန်မဟုတ်ခြင်းတို့ကြောင့် စားသုံးရန် မသင့်သော အစားအသောက် များ ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများသည် ရောစပ်ထားသော အစားအသောက်၊ စံမညီအစားအသောက်များကို ထုတ်လုပ်ခြင်းမပြုရန်၊ အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများသုံးစွဲခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
| စဉ် | အစားအသောက်အမည် | အမှတ်တံဆိပ် |
| ၁။ | ငရုတ်ဆီ (ညို) | ရွှေပျံလွှား |
| ၂။ | ရှယ်ငရုတ်ဆီ | ကောင်းမှကောင်း |
| ၃။ | ငရုတ်ဆီ(အနီ) နှင့် ငရုတ်ဆီ ( အညို) | စိန်ဟင်္သာ |
| ၄။ | ငရုတ်ဆီ | စိန်သရဖူ |
| ၅။ | ကြက်သွန်ဖြူ ငရုတ်ဆီ(အနီ) နှင့် ကြက်သွန်ဖြူ ငရုတ်ဆီ ( အညို) | သရဖီပန်း |
| ၆။ | ကြက်သွန်ဖြူ ငရုတ်ဆီ | သန်းကြွယ် |
| ၇။ | ငရုတ်ဆီ(အနီ) နှင့် ငရုတ်ဆီ ( အညို) | ရွှေလင်းယုန် |
| ၈။ | မန်ကျည်း ငရုတ်ဆီ(အနီ) နှင့် မန်ကျည်း ငရုတ်ဆီ ( အညို) | မြားနတ်မောင် |
| ၉။ | မန်ကျည်း ငရုတ်ဆီ | ယုဇန |
| ၁၀။ | ငရုတ်သီး အစိမ်းမှုန့် | မင်းသူကျော် |
| ၁၁။ | ငါးပိထောင်း | နတ်သုဒ္ဓါ |
| ၁၂။ | Jelly | Well |
ကျန်းမာရေးဝန်ကြီးဌာန
